သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၁—အမတသုတ်

၄ဝ၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည် ဖြစ်၍နေကြကုန်လော့၊ သင်တို့အား အမြိုက်နိဗ္ဗာန်သည် မပျက်စီးပါစေလင့်။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည် ဖြစ်၍ နေကြကုန်လော့၊ သင်တို့အား အမြိုက်နိဗ္ဗာန်သည် မပျက်စီးပါစေလင့်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။