သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၂—သမုဒယသုတ်

၄ဝ၈။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ရုပ်အပေါင်း၏ ဖြစ်ကြောင်းကားအဘယ် နည်း၊

အာဟာရ ဖြစ်ခြင်းကြောင့် ရုပ်အပေါင်း ဖြစ်ပေါ်၏၊ အာဟာရ ချုပ်ခြင်းကြောင့် ရုပ်အပေါင်း ချုပ်၏။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာတို့ ဖြစ်၏၊ ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာတို့ ချုပ်၏။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် စိတ် ဖြစ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် စိတ် ချုပ်၏။ နှလုံးသွင်းမှု ဖြစ်ခြင်းကြောင့် သဘော့တရားတို့ ဖြစ်၏၊ နှလုံးသွင်းမှု ချုပ်ခြင်းကြောင့် သဘောတရားတို့ ချုပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။