သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၁ဝ—အာသဝသုတ်

၄၁၆။ ရဟန်းတို့ အာသဝတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ ကာမာ သဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့တည်း။ ရဟန်းတို့ အာသဝတရားတို့ကား ဤသုံးမျိုးတို့ပင်တည်း။ ရဟန်းတို့ဤအာသဝတရားသုံးမျိုးတို့ကို ပယ်ခြင်းငှါ သတိပဋ္ဌာန်လေးပါးတို့ကို ပွါများအပ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအာသဝသုံးမျိုးတို့ကို ပယ်ခြင်းငှါ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် အမတဝဂ် ပြီး၏။