သံယုတ္တနိကာယ်—၄၇

၆—ဂင်္ဂ ါပေယျာလဝဂ်

၁—၁၂—ဂင်္ဂ ါ နဒီစသော ၁၂—သုတ်

၄၁၇—၄၂၈။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ထို့အတူပင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ့ပြုလုပ်အပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ခြောက်ခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။