သံယုတ္တနိကာယ်—၄၈

၇—ဗောဓိပက္ခိယဝဂ်

၄—အာသဝက္ခယသုတ်

၅၃၄။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အာသဝတရားတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အာသဝတရားတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်သံယောဇဉ်တို့ကို ပယ်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အနုသယတို့ကို ကောင်းစွာ ပယ်ခွါခြင်းအကျိုးငှါ ဖြစ်ကုန်၏။ ရှည်လျားသော ‘သံသရာ’ ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အာသဝတရားတို့ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် သံယောဇဉ်တို့ကို ပယ်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အနုသယတို့ကို ကောင်းစွာ ပယ်ခွါခြင်းအကျိုးငှါ ဖြစ်ကုန်၏။ ရှည်လျားသော ‘သံသရာ’ ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အာသဝတရားတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန့်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။