သံယုတ္တနိကာယ်—၅ဝ

၁—ဂင်္ဂ ါပေယျာလဝဂ်

၁—၁၂—ဗလ စသော ၁၂—သုတ်

၇ဝ၅—၇၁၆။ ရဟန်းတို့ ဗိုလ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်တို့တည်း။ ရဟန်းတို့ ဗိုလ်တို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင် ရဟန်းသည်ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓါဗိုလ်ကို ပွါးများ၏။ ဝီရိယဗိုလ်ကို။ပ။ သတိဗိုလ်ကို။ သမာဓိဗိုလ်ကို။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညာဗိုလ်ကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ရှေးဦးစွာသော ဂင်္ဂါပေယျာလဝဂ် ပြီး၏။

[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ်နှင့် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။

၁။ စာပါလစေတိယ = စာပါလ— စာပါလ မည်သော နတ်ဘီလူး၏၊ စေတိယ— ပူဇော်ပသရာအရပ်ဟူလို (အဋ္ဌကထာ)။