သံယုတ္တနိကာယ်—၅၁
၁—စာပါလဝဂ်
၈—ဗုဒ္ဓသုတ်
၈၂ဝ။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ် မှုလုံ့လတို့နှင့် ပြည့်စုံသောဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ပ။ ပညာကို့မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် စင်စစ်အားဖြင့်မြတ်စွာဘုရားကို ပူဇော်အထူးကို ခံတော်မူထိုက်သူ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူပြီးသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။