သံယုတ္တနိကာယ်—၅၂

၂ — ဒုတိယဝဂ်

၂ — ဣဒ္ဓိဝိဓသုတ်

၉၁ဝ။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်းအများ ဖြစ်သွားနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။