သံယုတ္တနိကာယ်—၅၂

၂ — ဒုတိယဝဂ်

၃— ဒိဗ္ဗသောတသုတ်

၉၁၁။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားကို လွန်သော နတ်တို့၏ နားနှင့် တူသော ‘ဒိဗ္ဗသောတအဘိညာဉ်’ ဖြင့် နတ်၌လည်း ဖြစ်ကုန် လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသောအသံတို့ကို ကြားနိုင်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။