သံယုတ္တနိကာယ်—၅၂
၂ — ဒုတိယဝဂ်
၄ — စေတောပရိယသုတ်
၉၁၂။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍သိနိုင်၏၊ စွဲမက်မှု ‘ရာဂ’နှင့် တကွသော စိတ်ကိုလည်း စွဲမက်မှု ‘ရာဂ’နှင့် တကွသော စိတ်ဟု သိ၏။ပ။
မလွတ်မြောက်သော စိတ်ကိုလည်း မလွတ်မြောက်သော စိတ်ဟု သိ၏ဟု (မိန့်ဆို၏)။
စတုတ္ထသုတ်။