သံယုတ္တနိကာယ်—၅၂
၂ — ဒုတိယဝဂ်
၆ — ကမ္မသမာဒါနသုတ်
၉၁၄။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်ကုန်သော ကံတို့၏အကျိုး တရားကို အရာအားလျော်စွာ အကြောင်းအားလျော်စွာဟုတ်တိုင်းမှန်စွာ သိ၏ဟု (မိန့်ဆို၏)။
ဆဋ္ဌသုတ်။