သံယုတ္တနိကာယ်—၅၂

၂ — ဒုတိယဝဂ်

၁၁ — ဈာနာဒိသုတ်

၉၁၉။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထမြောက်ခြင်းကိုဟုတ်တိုင်းမှန်စွာ သိ၏ဟု (မိန့်ဆို၏)။

ဧကာဒသမသုတ်။