သံယုတ္တနိကာယ်—၅၂

၂ — ဒုတိယဝဂ်

၁၂ — ပုဗ္ဗေနိဝါသသုတ်

၉၂ဝ။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် ရှေး၌ နေဖူးသော ဘဝများစွာကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝကိုလည်းကောင်း ။ပ။ အခြင်းအရာနှင့် တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့် တကွ ရှေး၌ နေဖူးသော ဘဝများစွာကို အောက်မေ့နိုင်၏ဟု (မိန့်ဆို၏)။

ဒွါဒသမသုတ်။