သံယုတ္တနိကာယ်—၅၂

၂ — ဒုတိယဝဂ်

၁၃ — ဒိဗ္ဗစက္ခုသုတ်

၉၂၁။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် အထူးသဖြင့် စင်ကြယ်သော လူတို့၏ အမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါတို့ကို မြင်နိုင်၏။ပ။ ဤသို့ အထူးသဖြင့်စင်ကြယ်သော လူတို့၏ အမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ဖြင့် ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိနိုင်၏ဟု (မိန့်ဆို၏)။

တေရသမသုတ်။