သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၅ — ဒုတိယ ကဏ္ဍကီသုတ်

၉ဝ၃။ သာကေတနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေသောအသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါ ကျင့်ပြီး ‘အသေက္ခ’ ရဟန်းသည် အဘယ်တရားတို့သို့ ကပ်ရောက်၍ နေထိုက်သနည်း”ဟု (မေး၏)။ ငါ့သျှင်သာရိပုတြာ ကျင့်ပြီး ‘အသေက္ခ’ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့သို့ကပ်ရောက်၍ နေထိုက်၏။ အဘယ်လေးပါးတို့နည်း၊

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ဆင်ခြင် ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရား တို့၌ သဘောတရားကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ငါ့သျှင်သာရိပုတြာ ကျင့်ပြီး ‘အသေက္ခ’ ရဟန်းသည် ဤသတိပဋ္ဌာန်လေးပါးတို့သို့ ကပ်ရောက်၍နေထိုက်၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။