သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၆ — တတိယ ကဏ္ဍကီသုတ်

၉ဝ၄။ သာကေတနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေသောအသျှင်သာရိပုတြာသည် အသျှင့်အနုရုဒ္ဓါအား “အသျှင်အနုရုဒ္ဓါသည် အဘယ်တရားတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ ရောက်သနည်း”ဟု (မေး၏)။ ငါ့သျှင် ငါသည် သတိပဋ္ဌာန်လေးပါးတို့တို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ ရောက်၏။ အဘယ်လေးပါးတို့နည်း၊

ငါ့သျှင် ဤသာသနာတော်၌ ငါသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ဆင်ခြင် ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရား တို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ငါ့သျှင် ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ ရောက်၏။ ငါ့သျှင် ထို့ပြင်လည်း ငါသည် သတိပဋ္ဌာန်လေးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် လောကတစ်ထောင်ကို သိနိုင်ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။