သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၉—ဒုတိယ ဘယဝေရူပသန္တသုတ်

၁ဝ၂၅။ သာဝတ္ထိနိဒါန်း။ပ။ ရဟန်းတို့ အကြင့်ကြောင့် အရိယာတပည့်အား ဤဘေးရန်ငါးပါးတို့ သည်ငြိမ်းကုန်၏၊ ဤသောတာပန်၏ အင်္ဂါလေးပါးတို့နှင့်လည်း ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် ဤမြတ်သောအသိဉာဏ်ကိုလည်း ပညာဖြင့် ကောင်းစွာ မြင်၏၊ ကောင်းစွာ ထိုးထွင်း၍ သိ၏။ (ထို့ကြောင့်) ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် “ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ပဋိသန္ဓေကုန်ပြီ၊ ငါသည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကို ပြောကြားနိုင်ရာ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။