သံယုတ္တနိကာယ်—၅၅

၄—ပုညာဘိသန္ဒဝဂ်

၈—ဝဿသုတ်

၁ဝ၃၄။ ရဟန်းတို့ ဥပမာသော်ကား တောင်ထိပ်၌ မိုးကြီး သည်းထန်စွာ ရွာသည်ရှိသော် ထိုရေ သည်ချိုင့်ဝှမ်းရာအရပ်သို့ စီးဆင်း၍ တောင်ချောက်ကြား ပပ်ကြားကွဲ မြောင်းငယ် မြောင်းကြီးတို့ကိုပြည့်စေ၏၊ တောင်ချောက်ကြား ပပ်ကြားကွဲ မြောင်းငယ် မြောင်းကြီးတို့ ပြည့်သည်ရှိသော်အိုင်ငယ်တို့ကို ပြည့်စေကုန်၏၊ အိုင်ငယ်တို့ ပြည့်သည်ရှိသော် အိုင်ကြီးတို့ကို ပြည့်စေကုန်၏၊ အိုင်ကြီးတို့ ပြည့်သည်ရှိ သော် မြစ်ငယ်တို့ကို ပြည့်စေကုန်၏၊ မြစ်ငယ်တို့ ပြည့်သည်ရှိသော်မြစ်ကြီးတို့ကို ပြည့်စေကုန်၏၊ မြစ်ကြီးတို့ ပြည့်သည်ရှိသော် မဟာသမုဒ္ဒရာတို့ကို ပြည့်စေကုန်၏။

ရဟန်းတို့ ဤအတူပင် အရိယာတပည့်အား ဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းသည်လည်းကောင်း၊ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းသည်လည်းကောင်း၊ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းသည်လည်းကောင်း၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့သည်လည်းကောင်း ရှိကုန်၏။ ဤတရား့တို့သည် စီးဆင်းကုန်သည်ရှိသော် နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ ရောက်၍ အာသဝတို့ ကုန်ခြင်းငှါဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။