သံယုတ္တနိကာယ်—၅၅

၅—သဂါထကပုညာဘိသန္ဒဝဂ်

၉—မဟာနာမသုတ်

၁ဝ၄၅။ ကပိလဝတ်နိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေသော မဟာနာမ်သာကီဝင်မင်းအား မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏— မဟာနာမ် ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည်။ပ။ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏၊ အဘယ်လေးပါးတို့နှင့်နည်း—

မဟာနာမ် ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၌။ပ။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။

မဟာနာမ် ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။