သံယုတ္တနိကာယ်—၅၅

၆—သပ္ပညဝဂ်

၅—သောတာပတ္တိဖလသုတ်

၁ဝ၅၁။ ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏၊ အဘယ်လေးပါးတို့နည်း—

သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊ တရားအား လျော်သောအကျင့်ကို ကျင့်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။