သံယုတ္တနိကာယ်—၅၅

၇— မဟာပညဝဂ်

၁—မဟာပညာသုတ်

၁ဝ၅၈။ ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်ပညာကြီးခြင်းငှါ ဖြစ်ကုန်၏၊ အဘယ်လေးပါးတို့နည်း—

သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊ တရားအား လျော်သောအကျင့်ကို ကျင့်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ပညာကြီးခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။