သံယုတ္တနိကာယ်—၅၆

၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်

၂—တထာဂတသုတ်

၁ဝ၈၂။ ရဟန်းတို့ “ဤတရားသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားမည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ မြတ်စွာဘုရားတို့အား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည်ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲဖြစ်သောအမှန်တရား (ဒုက္ခသစ္စာ) ကို ပိုင်းခြား၍ သိထိုက်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌) မြတ်စွာဘုရားတို့အား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား (ဒုက္ခသစ္စာ) ကို ပိုင်းခြား၍ သိခဲ့ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ မြတ်စွာဘုရားတို့အား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏။ (၁)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားမ ည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ မြတ်စွာဘုရားတို့အားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုပယ်အပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌) မြတ်စွာဘုရားတို့အား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကို ပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌မြတ်စွာဘုရားတို့အား ပညာ မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၂)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရား မည်၏”ဟု့ (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ မြတ်စွာဘုရား တို့အား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ် သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သောအရိယာတို့၏အမှန်တရားကို မျက်မှောက်ပြုအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌) မြတ်စွာဘုရားတို့အား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြု ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ မြတ်စွာဘုရားတို့အား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည်ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၃)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာ တို့၏အမှန်တရားတည်း”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌မြတ်စွာဘုရားတို့အား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည်ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို ပွားများအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော မဂ္ဂသစ္စာတရားတို့၌) မြတ်စွာဘုရားတို့အား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို ပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ မြတ်စွာဘုရားတို့အားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိ ဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟု (မိန့်တော်မူ၏)။ (၄)

ဒုတိယသုတ်။