သံယုတ္တနိကာယ်—၅၆

၁—သမာဓိဝဂ်

၂—ပဋိသလ္လာနသုတ်

၁ဝ၇၂။ ရဟန်းတို့ (တစ်ပါးတည်း) ကိန်းအောင်းနေခြင်း၌ အားထုတ်ခြင်းသို့ ရောက်ကြကုန်လော့၊ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းနေသော ရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိ၏၊ အဘယ်သို့လျှင်ဟုတ်တိုင်းမှန်စွာ သိသနည်း—

“ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ (တစ်ပါးတည်း) ကိန်းအောင်းနေခြင်း၌ အားထုတ်ခြင်းသို့ ရောက်ကြကုန်လော့၊ ရဟန်း တို့ (တစ်ပါးတည်း) ကိန်းအောင်းသော ရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။