သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၇—ကောကာလိကသုတ်

၁၇၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့ သန့်စင်နေတော်မူ၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ အသီးအသီး ဂန္ဓကုဋိတိုက် တံခါးပေါင်ကို မှီ၍ ရပ်တည် ကုန်၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် ကောကာလိကရဟန်းကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ —

“(ကောကာလိကသည်) မနှိုင်း ယှဉ် အပ် သော ပုဂ္ဂ ိုလ် ကို နှိုင်း ယှဉ် ဘိ၏၊ ဤအရာ ၌ အဘယ် ပညာရှိသည် ကြံဆနိုင်အံ့နည်း၊ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်အား နှိုင်းယှဉ် သော ထိုသူ့ကို ဉာဏ်အမြင် မှောက်မှားသော ပုထုဇဉ်ဟူ၍ ထင်မှတ်ပါကုန်၏”ဟု လျှောက်၏။