သုတ္တနိပါတ်ပါဠိတော်

၁၄-ပေါသာလမာဏဝပုစ္ဆာ

၁၁၁၉။ (ပေါသာလသည် ဤသို့ မေးလျှောက်၏) -

အကြင်မြတ်စွာဘုရားသည် လွန်ပြီးအတိတ်ဘဝကို ညွှန်ပြတော်မူ၏။ တုန်လှုပ်မှု 'တဏှာ'ကင်းတော်မူ၏။ ယုံမှားမှုကို ပယ်ဖြတ်ပြီး ဖြစ်၏။ တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို ပြဿနာ မေးလို သဖြင့် ရောက်လာပါ၏။ (၁)

၁၁၂ဝ။ သာကီနွယ်ဖွား မြတ်စွာဘုရား ရုပ်အမှတ်သညာရှိသော ရူပါဝစရ သမာပတ်ကို လွန်မြောက်ပြီးသော ရုပ်ပဋိသန္ဓေအားလုံးကို တဒင်္ဂဝိက္ခမ႓နအားဖြင့် ပယ်ပြီးသော အတွင်း 'အဇ္ဈတ္တ' သန္တာန်၌လည်းကောင်း၊ အပ 'ဗဟိဒ္ဓ' သန္တာန်၌လည်းကောင်း တစ်စုံတစ်ခုမျှ မရှိဟု ရှုသော အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်၏ ဉာဏ်ကို မေးလျှောက်ပါ၏။ ထိုသို့ သဘောရှိသောသူကို အဘယ်သို့ သိအပ်ပါသနည်း။ (၂)

၁၁၂၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ပေါသာလ အလုံးစုံသော ဝိညာဏ်၏တည်ရာ 'ဝိညာဏဋ္ဌိတိ'တို့ကို အမှန်သိသော ငါဘုရားသည် (ကံ၏အစွမ်းအားဖြင့်) တည်သော (အာကိဉ္စညာယတန စသည်တို့၌) ညွတ်သော ထိုအာကိဉ္စညာယတနလျှင် လဲလျောင်းရာရှိသော ထိုသတ္တဝါကို သိ၏။ (၃)

၁၁၂၂။ (အကြင်အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်သည် ) အာကိဉ္စညာယတနဘုံ၌ ဖြစ်စေတတ်သော အာကိဉ္စညာယတန ကုသိုလ်ကံကို (ပလိဗောဓဟု) သိ၍ အရူပရာဂဟု ဆိုအပ်သော နှစ်သက်မှု 'နန္ဒီ'ကိုလည်း (ဘဝရာဂ) သံယောဇဉ်ဟု သိ၍ ဤသို့ ထိုအာကိဉ္စညာ ယတနသမာပတ်ကို ထူးသောဉာဏ်ဖြင့် သိပြီးလျှင် ထိုအာကိဉ္စညာယတနသမာပတ်မှ (ထလျက်) ထိုသမာပတ်ကို အနိစ္စစသောအားဖြင့် ရှု၏။ မဂ်အကျင့်ကို ကျင့်သုံးပြီးသော ထို (အာကိဉ္စညာယတနဈာန်ရ) ရဟန္တာပုဂ္ဂိုလ်၏ ဤအရဟတ္တဖိုလ်ဉာဏ်သည် မဖောက်မပြန်မှန်ကန်သောဉာဏ်ပေတည်း။ (၄)

တစ်ဆယ့်လေးခုမြောက် ပေါသာလမာဏဝပုစ္ဆာ ပြီး၏။