ဥဒါန်းပါဠိတော်

၁ဝ-သာရိပုတ္တဥပသမသုတ်

၄ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေးအရပ်၌ မိမိ၏ ကိလေသာငြိမ်းအေးမှုကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မိမိ၏ ကိလေသာငြိမ်းအေးခြင်းကို ဆင်ခြင်လျက် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင်ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရား မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''ငြိမ်းအေးငြိမ်သက်သော စိတ်ရှိ၍ ဘဝတဏှာ ပြတ်ပြီးသော ရဟန်းအား ဇာတိတည်းဟူသော သံသရာသည်ကုန်ခဲ့ပြီ။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်လေတော့၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒသမသုတ်။

လေးခုမြောက် မေဃိယဝဂ် ပြီး၏။