ဥဒါန်းပါဠိတော်

၄-ဒုတိယသတ္တသုတ်

၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိပြည် သူ ပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက်ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန်တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာ ပျက်စီးခြင်းသို့ ရောက်ကာ နေကုန်သော သာဝတ္ထိပြည် သူ ပြည် သားတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ဝတ္ထုကာမတို့၌ ကိလေသာကာမဖြင့် ကန်းသည်ကို အပြုခံရသူ တဏှာတည်းဟူသော ပိုက်ကွန်ဖြင့်အဖုံးလွှမ်းခံရသူ တဏှာတည်းဟူသော အမိုးဖြင့် ဖုံးအုပ်ခံ ရသူ သတ္တဝါတို့သည် မြှုံးဝ၌ ဝင်ကုန်သော ငါးတို့သည် သေခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း နို့စို့အရွယ် နွားသူငယ်သည်အမိနွားမကြီးသို့ လိုက်သကဲ့သို့လည်းကောင်း ကိလေသာမာရ်ကိုယ်တွင်းရန်၏ အနှောင်အဖွဲ့ကို ခံကြရကုန်သည်ဖြစ်၍ အိုခြင်း သေခြင်းသို့ အစဉ်လိုက်ကြရကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။

စတုတ္ထသုတ်။